Burmese to English: A Visit to China General field: Social Sciences Detailed field: Government / Politics | |
Source text - Burmese President Xi Jinping of China decided to invite Myanmar opposition leader and Nobel peace laureate Aung San Suu Kyi to Beijing as an exchange of party leaders because he was fed up with the incompetence of his Ministry of Foreign Affairs, claims journalism website Boxun News.
According to Boxun's Beijing source, the decision to invite Aung San Suu Kyi to China this week was the result of a two-day meeting of the new Central National Security Commission (CNSC) headed by the president, who is also general secretary of the Communist Party.
It was eventually agreed, the source said, that China-Myanmar relations would be managed through a three-pronged approach of politics, diplomacy and the military. | Translation - English ပါတီခေါင်းဆောင်များအကြား သဘောထားအမြင်များ ဖလှယ်ရေး အစီအစဉ်တစ်ရပ်အဖြစ် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖင်က ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ အကြောင်းရင်းမှာ သူ၏ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ညံ့ဖျင်းမှုအပေါ် စိတ်ပျက် ဒေါသထွက်နေခြင်းကြောင့်ဖြစ်သည်ဟု ပေါ်ရှင်း သတင်းဌာန၏ ၀က်ဆိုက်က ဆိုပါသည်။
ပေါ်ရှင်း၏ ဘေကျင်းသတင်းအရင်းအမြစ်အရ ယခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်ရန် ဆုံးဖြတ်ချက်သည် ကွန်မြူနစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ သမ္မတဦးဆောင်သည့် ဗဟိုအမျိုးသားလုံခြုံရေး ကော်မရှင်အသစ်၏ ၂ ရက်ကြာ အစည်းအဝေးပွဲရလဒ်လည်း ဖြစ်သည်ဟု သိရသည်။နိုင်ငံရေး၊ သံတမန်ဆက်ဆံရေးနှင့် စစ်ရေး နည်းလမ်း ၃ သွယ်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို စီမံကိုင်တွယ်ရမည်ဆိုသည်ကို အဆုံးသတ်တွင် သဘောတူညီခဲ့ကြသည်ဟု သတင်းအရင်းအမြစ်က ဆိုပါသည်။ |