မိုးတိမ်များကြားမှ အပြာရောင်ချောက်ကမ်းပါးများပေါ်သို့ တောင်ပံများတဖျပ်ဖျပ်ခတ်ကာ ပျံသန်းဆင်းသက်လာပြီး သူ့ချွေးဖြင့် လူသားများကိုဖန်ဆင်းခဲ့သည့် ချာဝစ်မိတ် (ကမ္ဘာမြေကိုဖန်ဆင်းသူ) ဟုအမည်ရှိသော လိပ်ပြာတစ်ကောင်သည် လူသတ္တဝါခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည်ဟု အာရီဇိုးနားပြည်နယ်ရှိ ပီးမားလူမျိုးများက ဆိုကြပါတယ်။ သို့သော် လူဦးရေ တိုးပွားထူထပ်များပြားလာသည်နှင့်အမျှ လူတို့မှာ အမုန်းတရားအတ္တများကြီးလာကြပြီး အချင်းချင်း ရန်လိုမုန်းတီးတိုက်ခိုက်လာကြတဲ့အတွက် ချာဝစ်မိတ်သည် သူ့ဖန်ဆင်းခြင်းလက်ရာအပေါ် စက်ဆုပ်ရွံရှာလာသောကြောင့် လူသားအားလုံးကို ရေလွှမ်းမိုး၍ သတ်ပစ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ […]
လူတို့၏ သမီးပျိုများကို ခိုးယူပြီး သားယောက်ျားများကို သတ်ဖြတ်လေ့ရှိသည့် ဟော့ခ် အမည်ရှိသော တောင်စောင့်နတ်ဆိုးတစ်ပါးလည်း ရှိလေသတဲ့။ […] စူပါစတီရှင်း တောင်တန်းကြီးများအထိ ဟော့ခ် နောက်ကို စူဟာ တိတ်တဆိတ် နောက်ယောင်ခံ လိုက်သွားခဲ့ပါတယ်။ ပြီးတော့ သူ့သမီးတည်ခင်းပေးရမယ့် ဟော့ခ်ရဲ့ ရှားစောင်းလက်ပတ်ဝိုင်ထဲကို ဆေးခတ်လိုက်ပါတယ်။ ထို့နောက် မိစ္ဆာက ဝိုင်သောက်ပြီး မူးဝေထိုင်းမှိုင်းသွားတဲ့အချိန်မှာ ပုန်းအောင်းနေတဲ့နေရာမှ စူဟာ ထွက်လာပြီး သူ့ဦးခေါင်းကို ရိုက်ခွဲလိုက်ပါတယ်။ […]
ထိုဗျာဒိတ်စကားကို ပီးမားလူမျိုးတို့ အလွန်အမင်း သက်ဝင်ယုံကြည်ကြတဲ့အတွက် စူပါစတီရှင်း တောင်တန်းများကို ဘယ်သောအခါမျှ ဖြတ်ကျော်ဖြတ်သန်းသွားလာခြင်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ ယုတ်မာကောက်ကျစ်မှုများ အထွတ်အထိပ်ရောက်ချိန်မှာ တာတမံပိတ်ဆို့ဆီးတားထားသော ပင်လယ်ရေထုကြီးကို ဖောက်ချဖို့အတွက် ထိုတောင်တန်းများရဲ့ နောက်ကွယ်မှာ ဖန်ဆင်းရှင် ချာဝစ်မိတ် ထိုင်ပြီးစောင့်နေတဲ့အတွက် ဖြစ်ပါတယ်။