အာရီဇိုးနားပြည်နယ်ရှိ ပီမာ(Pima) အိန္ဒိယလူမျိုးတို့၏ အဆိုအရ လူသားအားလုံးနှင့် တိရစ္ဆာန်အားလုံး၏ ဖခင်သည် လိပ်ပြာတစ်ကောင်ဖြစ်သော ချာဝစ် မိတ်ခ်(Cherwit Make) (ကမ္ဘာမြေကို ဖန်ဆင်းသူ) ဖြစ်သည်။ ၎င်းသည် တိမ်တိုက်များမှတစ်ဆင့် တဖျပ်ဖျပ်ခတ်ပျံသန်းကာ အပြာရောင်ကမ်းပါးယံများ(Blue Cliffs) ပေါ်သို့ ဆင်းသက်လာပြီး […] မိမိ၏ ချွေးမှတစ်ဆင့် လူသားများကို ဖန်ဆင်းခဲ့သည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်လာကြပြီး အချင်းချင်း ရန်၊ ငြင်းခုံမှုများလည်း များပြားလာကြသည်။ ထို့ကြောင့် ချာဝစ် မိတ်ခ် (Cherwit Make) သည် မိမိဖန်ဆင်းထားသော လက်ရာများအပေါ် စက်ဆုပ်ရွံရှာလာပြီး ၎င်းတို့အားလုံးကို ရေလွှမ်းမိုး၍ သေဆုံးစေရန် ဆုံးဖြတ်ခဲ့သည်။ […] ဟောက်ခ်(Hauk) ဟုခေါ်သော တောင်များတွင် နေထိုင်သည့် နတ်ဆိုးတစ်ကောင်ရှိခဲ့သည်။ ၎င်းသည် လူတို့၏ သမီးပျိုများကို ခိုးယူပြီး သားယောက်ျားတွေကို သတ်ဖြတ်လေ့ရှိသည်။ […] ဆူဟာ(Suha)သည် ဟောက်ခ်(Hauk)နောက်သို့ တိတ်တဆိတ် လိုက်ကာ စူပါစတစ်ရှင်းတောင်တန်းများ (Superstition Mountains) အတွင်းသို့ ဝင်သွားခဲ့သည်။ ထို့နောက် ဟောက်ခ်(Hauk)၏ သမီးဖြစ်သူက သူ့အား ကျွေးမည့် ရှားစောင်း အရက်ထဲသို့ မူးယစ်စေသော ဆေးခတ်လိုက်သည်။ ထို့နောက် ဆူဟာ(Suha) သည် ပုန်းအောင်းနေသည့်နေရာမှ ရုတ်တရက် ထွက်လာပြီး မူးယစ်ကာ သတိလစ်နေသော နတ်ဆိုး၏ ဦးနှောက်ကို ရိုက်ခွဲသတ်ဖြတ်လိုက်သည်။ […] ပီမာ(Pima) လူမျိုးတို့သည် ဤပရောဖက်ပြုချက်ကို အလွန်အမင်း ယုံကြည်ကြသောကြောင့် စူပါစတစ်ရှင်းတောင်တန်းများကို ဖြတ်ကျော်ရန်ပင် မဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုတောင်တန်းများ၏ နောက်ကွယ်တွင် ချာဝစ် မိတ်ခ်(Cherwit Make) သည် ပုန်းအောင်းနေပြီး ၎င်းတို့၏ မကောင်းမှုများ အဆုံးစွန်အထိ များပြားလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထိုအချိန်ရောက်လာပါက တောင်တန်းများနောက်တွင် ပိတ်လှောင်ထားသော ရေထုကြီးကို လွှတ်ချပြီး ကမ္ဘာမြေတစ်ခုလုံးကို ရေလွှမ်းမိုးစေလိမ့်မည်ဟု သူတို့က ယုံကြည်ကြသည်။  | Entry #39715 — Variant: Not specifiednone
|
ပီမာလူမျိုးတို့၏ ဒဏ္ဍာရီ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်က ပီမာလူမျိုးတွေရဲ့ အဆိုအရ လူသားတွေနဲ့ တိရစ္ဆာန်အားလုံးရဲ့ ဖခင်ဟာ လိပ်ပြာတစ်ကောင် ဖြစ်ပါတယ်။ သူ့နာမည်က Cherwit Make ဖြစ်ပြီး ကမ္ဘာမြေကို ဖန်ဆင်းသူလို့ အဓိပ္ပာယ်ရပါတယ်။ သူဟာ မိုးတိမ်တွေပေါ်ကနေ ပျံသန်းဆင်းလာပြီး Blue Cliffs တောင်တန်းဆီ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ချွေးတွေနဲ့ လူသားတွေကို ဖန်ဆင်းခဲ့ပါတယ်။ လူတွေ များလာတဲ့အခါ တစ်ကိုယ်ကောင်းဆန်လာကြပြီး အချင်းချင်း ရန်ဖြစ်လာကြပါတယ်။ ဒါကြောင့် Cherwit Make ဟာ လူတွေကို စိတ်ပျက်သွားပြီး အားလုံးကို ရေလွှမ်းမိုးသတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Hauk ဆိုတဲ့ တောင်ပေါ်က နတ်ဆိုးတစ်ကောင်လည်း ရှိပါတယ်။ သူဟာ လူတွေရဲ့ သမီးတွေကို ခိုးယူပြီး သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာ Suha ဟာ Hauk ကို တိတ်တဆိတ် လိုက်သွားခဲ့ပါတယ်။ Hauk သောက်မယ့် ရှားစောင်းပင်အရက်ထဲကို မူးယစ်ဆေးခတ်ထားခဲ့ပါတယ်။ Hauk အရက်သောက်ပြီး မူးမေ့သွားတဲ့အခါ Suha ဟာ ပုန်းနေရာကနေ ထွက်လာပြီး သူ့ကို ရိုက်သတ်ခဲ့ပါတယ်။ ပီမာလူမျိုးတွေဟာ ဒီဟောကိန်းကို အလွန်ယုံကြည်ကြပါတယ်။ ဒါကြောင့် Superstition Mountains တောင်တန်းတွေကို ဖြတ်မသွားရဲကြပါဘူး။ အဲဒီတောင်တန်းတွေရဲ့ နောက်မှာ Cherwit Make ဟာ စောင့်နေတယ်လို့ သူတို့ ယုံကြည်ကြပါတယ်။ လူတွေ မကောင်းမှုတွေ ဆက်လုပ်နေကြမယ်ဆိုရင် တစ်နေ့မှာ သူဟာ တောင်တန်းနောက်မှာ ပိတ်ထားတဲ့ ရေထုကြီးကို လွှတ်ချပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။  | Entry #39763 — Variant: Not specifiednone
|
မိုးတိမ်များကြားမှ အပြာရောင်ချောက်ကမ်းပါးများပေါ်သို့ တောင်ပံများတဖျပ်ဖျပ်ခတ်ကာ ပျံသန်းဆင်းသက်လာပြီး သူ့ချွေးဖြင့် လူသားများကိုဖန်ဆင်းခဲ့သည့် ချာဝစ်မိတ် (ကမ္ဘာမြေကိုဖန်ဆင်းသူ) ဟုအမည်ရှိသော လိပ်ပြာတစ်ကောင်သည် လူသတ္တဝါခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည်ဟု အာရီဇိုးနားပြည်နယ်ရှိ ပီးမားလူမျိုးများက ဆိုကြပါတယ်။ သို့သော် လူဦးရေ တိုးပွားထူထပ်များပြားလာသည်နှင့်အမျှ လူတို့မှာ အမုန်းတရားအတ္တများကြီးလာကြပြီး အချင်းချင်း ရန်လိုမုန်းတီးတိုက်ခိုက်လာကြတဲ့အတွက် ချာဝစ်မိတ်သည် သူ့ဖန်ဆင်းခြင်းလက်ရာအပေါ် စက်ဆုပ်ရွံရှာလာသောကြောင့် လူသားအားလုံးကို ရေလွှမ်းမိုး၍ သတ်ပစ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ […] လူတို့၏ သမီးပျိုများကို ခိုးယူပြီး သားယောက်ျားများကို သတ်ဖြတ်လေ့ရှိသည့် ဟော့ခ် အမည်ရှိသော တောင်စောင့်နတ်ဆိုးတစ်ပါးလည်း ရှိလေသတဲ့။ […] စူပါစတီရှင်း တောင်တန်းကြီးများအထိ ဟော့ခ် နောက်ကို စူဟာ တိတ်တဆိတ် နောက်ယောင်ခံ လိုက်သွားခဲ့ပါတယ်။ ပြီးတော့ သူ့သမီးတည်ခင်းပေးရမယ့် ဟော့ခ်ရဲ့ ရှားစောင်းလက်ပတ်ဝိုင်ထဲကို ဆေးခတ်လိုက်ပါတယ်။ ထို့နောက် မိစ္ဆာက ဝိုင်သောက်ပြီး မူးဝေထိုင်းမှိုင်းသွားတဲ့အချိန်မှာ ပုန်းအောင်းနေတဲ့နေရာမှ စူဟာ ထွက်လာပြီး သူ့ဦးခေါင်းကို ရိုက်ခွဲလိုက်ပါတယ်။ […] ထိုဗျာဒိတ်စကားကို ပီးမားလူမျိုးတို့ အလွန်အမင်း သက်ဝင်ယုံကြည်ကြတဲ့အတွက် စူပါစတီရှင်း တောင်တန်းများကို ဘယ်သောအခါမျှ ဖြတ်ကျော်ဖြတ်သန်းသွားလာခြင်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ ယုတ်မာကောက်ကျစ်မှုများ အထွတ်အထိပ်ရောက်ချိန်မှာ တာတမံပိတ်ဆို့ဆီးတားထားသော ပင်လယ်ရေထုကြီးကို ဖောက်ချဖို့အတွက် ထိုတောင်တန်းများရဲ့ နောက်ကွယ်မှာ ဖန်ဆင်းရှင် ချာဝစ်မိတ် ထိုင်ပြီးစောင့်နေတဲ့အတွက် ဖြစ်ပါတယ်။  | Entry #39721 — Variant: Not specifiednone
|
အရီဇိုးနားပြည်နယ်ရှိ ပီမာအင်ဒီးယန်းများက လူသားနှင့် တိရစ္ဆာန်အားလုံး၏ဖခင်မှာ ချာဝစ်မိတ် (ကမ္ဘာ့ဖန်ဆင်းရှင်) ဆိုသည့် လိပ်ပြာဖြစ်ပြီး မိုးတိမ်များထက်မှသည် ဘလူးကလစ်ကျောက်ဆောင်ထက်သို့ ဆင်းသက်လာကာ သူ၏ချွေးများကြောင့် လူသားများဖြစ်လာခဲ့သည်ဟု ဆိုကြသည်။ လူဦးရေထူထပ်များပြားလာသည်နှင့်အမျှ အချင်းချင်း တစ်ကိုယ်ကောင်းဆန်ပြီး ရန်လိုလာသောကြောင့် ချာဝစ်မိတ်သည် သူ၏ဖန်ဆင်းထားမှုကို စက်ဆုပ်ရွံရှာပြီး လူသားအားလုံးကို ရေလွှမ်းမိုး၍ နှစ်မြှုပ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ တောင်စောင့်နတ် ဟော့ခ်သည် ၎င်းတို့၏သမီးများကို ခိုးယူပြီး ၎င်းတို့၏သားများကို သတ်ပစ်လေသည်။ ဆူဟာသည် သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားပြီး ဆန်းကြယ်သော တောင်တန်းများဆီသို့ ဝင်ရောက်ခဲ့သည်။ သူ့က ရှားစောင်းဝိုင်ကို ဆွဲယူသွားကာ သူ့သမီးကသူ့အား ဆက်ကပ်လေသည်။ ထို့နောက် သူသောက်ပြီးသောအခါ ဆူဟာသည် ပုန်းအောင်းရာနေရာမှ ထွက်လာပြီး မူးဝေနေသော နတ်ဆိုး၏ ဦးခေါင်းကို ရိုက်နှက်ခဲ့သည်။ ပီမာလူမျိုးများသည် ဤနိမိတ်ပုံကို ခိုင်မာစွာယုံကြည်ကြသဖြင့် ဆန်းကြယ်သော တောင်တန်းများကို မဖြတ်ကျော်ကြပေ။ အကြောင်းမှာ ၎င်းတို့၏ မကောင်းမှုများ စုစည်းလာမည့်အချိန်ကို စောင့်ဆိုင်းကာ တောင်တန်းများ၏ နောက်ကွယ်ရှိ ပင်လယ်လှိုင်းလုံးကြီးများကို မြေပြင်ပေါ်သို့ ဖုံးလွှမ်းလာအောင် ပို့လွှတ်မည့် ချာဝစ်မိတ် ရှိနေသည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။  | Entry #39599 — Variant: Not specifiednone
|