ပီမာလူမျိုးတို့၏ ဒဏ္ဍာရီ
အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်က ပီမာလူမျိုးတွေရဲ့ အဆိုအရ လူသားတွေနဲ့ တိရစ္ဆာန်အားလုံးရဲ့ ဖခင်ဟာ လိပ်ပြာတစ်ကောင် ဖြစ်ပါတယ်။ သူ့နာမည်က Cherwit Make ဖြစ်ပြီး ကမ္ဘာမြေကို ဖန်ဆင်းသူလို့ အဓိပ္ပာယ်ရပါတယ်။
သူဟာ မိုးတိမ်တွေပေါ်ကနေ ပျံသန်းဆင်းလာပြီး Blue Cliffs တောင်တန်းဆီ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ချွေးတွေနဲ့ လူသားတွေကို ဖန်ဆင်းခဲ့ပါတယ်။
လူတွေ များလာတဲ့အခါ တစ်ကိုယ်ကောင်းဆန်လာကြပြီး အချင်းချင်း ရန်ဖြစ်လာကြပါတယ်။ ဒါကြောင့် Cherwit Make ဟာ လူတွေကို စိတ်ပျက်သွားပြီး အားလုံးကို ရေလွှမ်းမိုးသတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Hauk ဆိုတဲ့ တောင်ပေါ်က နတ်ဆိုးတစ်ကောင်လည်း ရှိပါတယ်။ သူဟာ လူတွေရဲ့ သမီးတွေကို ခိုးယူပြီး သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။
တစ်နေ့မှာ Suha ဟာ Hauk ကို တိတ်တဆိတ် လိုက်သွားခဲ့ပါတယ်။ Hauk သောက်မယ့် ရှားစောင်းပင်အရက်ထဲကို မူးယစ်ဆေးခတ်ထားခဲ့ပါတယ်။ Hauk အရက်သောက်ပြီး မူးမေ့သွားတဲ့အခါ Suha ဟာ ပုန်းနေရာကနေ ထွက်လာပြီး သူ့ကို ရိုက်သတ်ခဲ့ပါတယ်။
ပီမာလူမျိုးတွေဟာ ဒီဟောကိန်းကို အလွန်ယုံကြည်ကြပါတယ်။ ဒါကြောင့် Superstition Mountains တောင်တန်းတွေကို ဖြတ်မသွားရဲကြပါဘူး။
အဲဒီတောင်တန်းတွေရဲ့ နောက်မှာ Cherwit Make ဟာ စောင့်နေတယ်လို့ သူတို့ ယုံကြည်ကြပါတယ်။ လူတွေ မကောင်းမှုတွေ ဆက်လုပ်နေကြမယ်ဆိုရင် တစ်နေ့မှာ သူဟာ တောင်တန်းနောက်မှာ ပိတ်ထားတဲ့ ရေထုကြီးကို လွှတ်ချပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။